Testimonies

လေတံခွန်ပုံပြင်ရဲ့ ပံ့ပိုးမှုကြောင့် ဘယ်လိုအကူအညီတွေရခဲ့သလဲဆိုတာ ပြောထားတဲ့ Fellow တစ်ချို့ရဲ့ အသံတွေ
 

"အခုထောက်ပံ့ငွေကြောင့် သတင်းအလုပ်ကိုဆက်လုပ်နိုင်ဖို့ အခွင့်အရေးများစွာရရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ရှောင်တိမ်းပြီး လုပ်နေတဲ့ အခုလိုအချိန်မှာ လစာနည်းသည့်အတွက် အခုလိုထောက်ပံ့ငွေမျိုးရရှိတာဟာ တကယ်ကို အသက်ရှုချောင်စေပါတယ်။  ရုံးကလစာနဲ့ နေဖို့စားဖို့ မလောက်တာတော့ အမှန်ပါပဲ။အလုပ်ကိုပဲ အာရုံစိုက်လို့ရသွားတာပေါ့။"

"The Kite Tales Fellowship ကနေရတဲ့ အကျိုးအမြတ်နှစ်မျိုးရှိပါတယ်။ ပထမဆုံးပြောရမယ်ဆိုရင် တော့ အရာရာခက်ခဲနေတဲ့ ကုန်ဈေးနှုန်းတွေကြီးနေတဲ့ကာလမှာ ရပ်တည်နိုင်ဖို့ အထောက်အကူဖြစ်တဲ့ဝင်ငွေ တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်သတင်းပညာနဲ့ပဲချိတ်ဆက်ပြီး မတူတဲ့ ပလက်ဖောင်းကနေ အာဏာသိမ်းကာလအတွင်း သတင်းထောက်တစ်ယောက်အနေနဲ့ တွေ့ကြုံခံစားခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြခွင့်ရပါတယ်။"
 

"အာဏာသိမ်းပြီးကာလ၊ မတရားဖိနှိပ်မှု တွေများတဲ့ဒီအချိန်မှာ The Kite Tales Fellowship ကတစ်ဆင့် မမျှတမှုတွေ၊ အမှန်တရားတွေကိုထုတ်ဖော်ပြသပေးတဲ့ ဆောင်းပါးတွေအတွက် ကိုယ့်ရဲ့အတတ်ပညာနဲ့ သရုပ်ဖော်ပုံလေးတွေ ဆွဲပေးခွင့်ရရှိတာ ဂုဏ်ယူမိပါတယ်။ ဒီ Fellowship ရဲ့အကူအညီကြောင့် မြန်မာကအဖြစ်အပျက်တွေကို ကမ္ဘာသိအောင် တင်ပြရာမှာ ပါဝင်ခွင့်ရတဲ့အပြင် အသုံးစရိတ်လေးရရှိတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်။"

"Kite Tales Digital Journalism Fellow အဖြစ် သတ်မှတ်ခံရတဲ့အတွက် ပထမအနေနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာတယ်။
သတင်းတွေကို အဆက်မပြတ် အရင်လို ပြန်ရေးရတော့မယ်ဆိုတဲ့ အတွေးမျိုးရတာကြောင့်  အမှန်တိုင်းပြောရရင် ပြိုလဲနေတဲ့ စိတ်တွေ ပြန်မတ်လာတယ်။
ပြီးတော့လည်း ငွေကြေးအခက်အခဲ အမှန်တကယ် ကြပ်တည်းနေတဲ့ ကာလမျိုးမှာ ထောက်ပံ့ငွေ ရတာဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ မီးဖိုချောင် ပြဿနာကို ဖြေရှင်းနိုင်ခဲ့တာကြောင့် ကိုယ်ရဲ့ အသက်သခင် ကျေးဇူးရှင်လို့တောင် ပြောလို့ရပါတယ်။
ဒီအတွက်လည်း အတိုင်းမသိ ကျေးဇူးတင်ပါတယ်။"

 

"Kite Tales Fellowship ကြောင့် ကျွန်မရဲ့ အနုပညာ (illustration) ကိုအသုံးချခွင့်ရတာတင်မကဘဲ ကျွန်မကိုယ်တိုင် ကိုယ့်ရဲ့ diary တွေကို ပုံဖော်ခွင့်ရတဲ့အတွက် တစ်ဖက်တစ်လမ်းကနေ တက်မြောက်တဲ့ ပညာနဲ့ ကူညီခွင့်နေရတယ်လို့ ခံစားရတယ်။"
 

"Kite  Tales Fellowship အစီအစဉ်ကနေ ထောက်ပံ့ကြေးရရှိပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးနေရတဲ့ကာလမှာတော့ မိသားစုအတွက် အရေးပေါ် စားဝတ်နေရေးအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ တဖက်မှာလည်း ကိုယ်ကြုံတွေ့ရတဲ့ အခြေအနေကို ရေးသားခဲ့ရနိုင်တယ်။  သတင်းထောက်တွေ့ကြုံခံစားခဲ့ရတာတွေကို ချပြရင်ဖွင့်ခွင့်ရစေတဲ့ နေရာတစ်နေရာလည်း ဖြစ်စေခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။"

"Kite Tales Fellow တိုင်းဟာ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဘဝတွေ လမ်းတွေ ပျောက်သွားခဲ့ သူတွေပဲဖြစ်ပါတယ်။  ပုံစံအမျိုးမျိုး အသက်မွေးပညာအမျိုးမျိုး ကွာပေမယ့် စစ်အုပ်ချုပ်မှုကို တစ်နည်းတစ်ဖုံ ကိုယ်တတ်နိုင်တဲ့ဘက်က တော်လှန်နေကြသူတွေပဲဖြစ်ပါတယ်။
Kite Tales ရဲ့ Fellow မဖြင်ခင် ကျွန်မဟာ ယုံကြည်ချက်အချို့ ပျောက်ဆုံးသလို ခံစားနေရပါတယ်။ အလုပ် ဝင်ငွေ မိသားစု စတဲ့ ဘဝရဲ့ အရေးပါဆုံးသော အစိတ်အပိုင်းတွေ ပျက်စီးသွားတယ်လို့ခံစားရပြီး အဆိုးဆုံးက အဲ့လို ပျက်စီးသွားတာ ဘာကြောင့်ပါ ဆိုတာကိုတောင် ပြောခွင့်မရှိတော့ ပဲ ရင်ငုံနှုတ်ပိတ် တိတ်တတ်လေးနေနေရတဲ့ အဖြစ်ပါ။  ကျွန်မ ကံကောင်းစွာနဲ့ Kite Tales ရဲ့Fellow ဖြစ်ခွင့်ရတဲ့အခါ အစောပိုင်း ကျွန်မပျောက်ဆုံး နေတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းထဲက ဝင်ငွေ အလုပ် အပြင် ကျွန်မတို့ဖြစ်ပျက် ကြုံတွေ့ခဲ့တာတွေကို မျှဝေထုတ်ဖော်တင်ပြခွင့်ရခဲ့တယ်။  ပြီးတော့ ကျွန်မလို သူတွေအများကြီးကို ဒီ Fellow ကနေ တွေ့ရသိရတော့ “ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူး“ ဆိုတဲ့ မျှော်လင့်ချက် ပြန်ရလာတယ်။ ကျွန်မကိုယ် ကျွန်မ ယုံကြည်မှု ပြန်တည်ဆောက်နိုင်ခဲ့တယ်။
ကျွန်မဘဝ အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ကို Kite Tales က ပေးခဲ့တယ် လို့ ပြောရင် မှားဖို့မရှိပါဘူး။"