ဒေသအလိုက်ပုံပြင်များ

မြန်မာနိုင်ငံမှာ နေထိုင်ပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ သူတွေနဲ့ တွေ့ဖို့ ကျွန်မတို့ဟာ ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို ကားနဲ့ တမျိုး၊ ဆိုင်ကယ်နဲ့ တသွယ်၊ လေယာဉ်နဲ့ တနည်း၊ ရထားနဲ့ တဖုံ၊ လှေလမ်း အစုံနဲ့ တတ်နိုင် သလောက် သွားရောက်ခဲ့ရပါတယ်။ 

မြန်မာနိုင်ငံဟာ သူ့ရဲ့ အိမ်နီးချင်း နိုင်ငံ ၂ ခု ဖြစ်တဲ့ အိန္ဒိယ၊ တရုတ်တို့နဲ့ ယှဉ်လိုက်ရင် ပါမွှားလေး ဖြစ်သွားပေမယ့် အရှေတောင် အာရှမှာတော့ ဗီယက်နမ်နဲ့ မလေးရှား ၂ နိုင်ငံ ပေါင်းထားတာထက်ကို ပိုပြီး ကြီးပါတယ်။ လူဦးရေ ၅၂ သန်း အတွင်းမှာ အလွန်တရာ ပေါကြွယ်ဝတာကတော့ မတူကွဲပြားတဲ့ လူမျိုးစုတွေနဲ့ ယဉ်ကျေးမှုတွေ ပါ။ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပြီး ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ အင်နီမစ်စ်လို့ခေါ်တဲ့ သက်မဲ့ အရာများကို ကိုးကွယ်သူများလည်း ရှိကြပါတယ်။ အသိအမှတ်ပြုခံထားရတဲ့ လူမျိုးစု ၁၃၀ ကျော် ရှိပါတယ်။ 

ဒါပေမယ့် လေတံခွန်ပုံပြင်များက ပြတဲ့ အတိုင်းပဲ မိမိဟာ မည်သူ မည်ဝါ ဖြစ်တယ် ဆိုတဲ့ ခံစားမှုတွေဟာ ဒီနာမည်တွေ၊ အမှတ်တံဆိပ်တွေထက် ပိုပြီးနက်ရှိင်းတဲ့ အပြင် အချိန်ကာလတွေထဲမှာ အမြဲတမ်းလည်း ပြောင်းလဲ ဖြစ်ပေါ်နေဦးမှာ ဖြစ်ပါတယ်။