Trustees

လေတံခွန်ပုံပြင်များဖောင်ဒေးရှင်း ဟာ ပျောက်ကွယ်မယ်လို့ စိုးရိမ်ရတဲ့ ယာဉ်ကျေးမှု အမွေအနှစ်တွေ၊ မတူကွဲပြားခြားနားတာတွေ ကို ထိန်းသိမ်းတာကို အားပေးအားမြှောက်ပြုပြီး၊ ဘေးဖယ်ခံထားရတဲ့ အသံတွေကို မီးမောင်းထိုးပြလို့ လူ့အသိုင်းအဝိုင်းများကြားက ကွာဟမှုတွေကို လူထုအမှတ်သညာတွေကို မျှဝေခြင်း၊ ပညာပေးခြင်း အပြင် အခြားနည်းလမ်းများနဲ့ ရင်ကြားစေ့ပေးဖို့ရည်ရွယ်ပါတယ်။

Ingeborg Moa

Ingeborg Moa ဟာ လေတံခွန်ပုံပြင်များဖောင်ဒေးရှင်းရဲ့ အုပ်ထိန်းစောင့်ရှောက်ရေးအဖွဲ့ဝင်များဥက္ကဋ္ဌဖြစ်ပြီး လူသားရေး စာနာမှု၊ တိုးတက်ဖွံ့ဖြိုးမှု ကဏ္ဍတွေမှာ ၁၅ နှစ်ကြာ အတွေ့အကြုံရှိခဲ့သူပါ။ သူဟာ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး (UN OHCHR) နဲ့ လူသားချင်း စာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေး ကုလသမဂ္ဂရုံး (OCHA) ရဲ့ အာရှနဲ့ ပစိဖိတ်ရုံး၊ နောက်မှာ မြန်မာနိုင်ငံရုံးတွေမှာ အလုပ် လုပ်ကိုင်ခဲ့ဖူးပြီး နိုင်ငံတကာ အဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှု၊ ရွေးကောက်ပွဲ လေ့လာမှု ကဏ္ဍတွေမှာ လုပ်ကိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၉ နှစ် အတွင်းမှာတော့ Norwegian People’s Aid (NPA) ရုံးမှာ လုပ်ကိုင်ခဲ့ပါတယ်။ ဒီအထဲက ၄ နှစ်ဟာ မြန်မာနိုင်ငံ ဆိုင်ရာ ရုံးရဲ့ အခြေစိုက် ဒါရိုက်တာအနေနဲ့ ဖြစ်ပါတယ်။ မြန်မာပြည်မှာ နေထိုင်လုပ်ကိုင်ခဲ့တာတွေကြောင့် Ingie ဟာ မြန်မာနိုင်ငံ နဲ့ နီးနီးစပ်စပ် ရှိပြီး ဒေသခံ၊ နိုင်ငံတဝန်းက လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ ကွန်ရက်ချိတ်ဆက်မိပြီး သူတို့ရဲ့ အခြေအနေတွေကိုလည်း သေသေချာချာ နားလည်သူ တစ်ဦးဖြစ်ပါတယ်။ 

Aela Callan

Aela Callan ဟာ ဆုတွေ ရဖူးတဲ့ ဒါရိုက်တာနဲ့ သတင်းထောက်တစ်ဦး ပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မှတ်တမ်းရုပ်ရှင် တစ်ဒါဇင်ကျော် ထုတ်လုပ်ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ Al Jazeera တီဗွီရုပ်သံလိုင်းက အာရှမျက်မှောက်ရေးရာ အစီအစဉ် ဖြစ်တဲ့ 101 East အတွက် Aela ရဲ့ ထုတ်လုပ်မှုတွေဟာ ဆုများစွာ ရရှိခဲ့ပါတယ်။ ဒီအထဲမှာ New York Festivals Film and TV Awards မှာ ရွှေတံဆိပ်၊ the Crowley Award for Excellence in Journalism Covering Issues of Concern to Women တွေလည်း ပါပါတယ်။ အမေရိကန်နိုင်ငံက Stanford တက္ကသိုလ်မှာ ၂၀၁၄ တုန်းက သတင်းစာပညာ ဆန်းသစ်တီထွင်မှု အတွက် Knight Fellow အနေနဲ့ သွားခဲ့ပြီး မြန်မာနိုင်ငံက မီဒီယာတွေဟာ အွန်လိုင်းပေါ်က အမုန်းစကားတွေ၊ သတင်းအတုတွေကို ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကို စူးစမ်းရှာဖွေခဲ့ပါတယ်။ 

ဒေါ်စန္ဒာလှ

မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးရာမှာ ကူညီပံ့ပိုးခဲ့ရာကနေ ကုလသမဂ္ဂမှာ ဆယ်စုနှစ် တစ်စုကျော် အလုပ် လုပ်ခဲ့တဲ့ အထိ စန္ဒာဟာ သူ့ အလုပ်တိုင်းမှာ ကောင်းမွန်တဲ့ လူမှုရေး သက်ရောက်မှု ရအောင် အမြဲကြိုးစားခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အလုပ်အမှုဆောင်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တာ အပါအဝင်ပေါ့။ စန္ဒာဟာ ၂၀၁၆ နှစ်လွန်ပိုင်းမှာ Yangon Collective ကို တည်ထောင်ခဲ့ပါတယ်။ ဒါကတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ “မြန်မာပြည်မှာလုပ်သည်” ဆိုတဲ့ တံဆိပ်ကို ပံ့ပိုးပေးနေတဲ့ လွတ်လပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုးတက်မှုနှုန်း ပိုပြီး မြန်ဆန်စေတဲ့ မြန်မာနိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ 

Tara Dermott

Tara Dermott ဟာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းမှုအဖွဲ့ (International Organization for Migration) ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသမှာ လုံခြုံတဲ့ ရွှေ့ပြောင်းမှု ရအောင်နဲ့ လူထုရဲ့လှုပ်ရှားမှုတွေနဲ့ ခေါင်းပုံဖြတ်ခြင်းနဲ့ လူကုန်ကူးမှုကို ရပ်တန့်အောင် စည်းရုံးလုပ်ဆောင်နေတဲ့ IOM X ကို ဦးဆောင်သူပါ။ ဒီ အလုပ်အကိုင် မတိုင်ခင်မှာ သူဟာ ကမ္ဘာ့ အကြီးဆုံး လူကုန်ကူးမှုကို တားမြစ်ရေး လှုပ်ရှားမှုကို MTV EXIT မှာ ဖွံဖြိုး တိုးတက်ရေး ခေါင်းဆောင် အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ၂၀၁၂ မှာတော့ Tara ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ ဖျော်ဖြေပွဲ လုပ်ခွင့်ရဖို့ မြန်မာသမ္မတရဲ့ ခွင့်ပြုချက်ကို ရယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၂၆၀၀ ကျော် တည်ရှိနေခဲ့တဲ့ ရွှေတဂုံဘုရားရဲ့ ခြေလျင်းက ပြည်သူ့ဉယျာဉ်မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ လူဦးရေ ရ သောင်းကျော် တက်ခဲ့တဲ့ ဒီပွဲဟာ တစ်ကမ္ဘာလုံးက မီဒီယာတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပါတယ်။ Tara ဟာ အရှေ့တောင်အာရှမှာ နေထိုင် အလုပ်လုပ်နေတာဟာ ၂၀၀၄ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ 

Saw-Marlar Soe

Saw is currently working as Operation Manager at SpaceX, overseeing the development of insourcing operations and supporting insourcing manufacturing activities for Starlink. A graduate of Georgia Tech, she was part of the manufacturing engineering team that helped launch Model S and Model X during the early days of Tesla. She has also led various business departments of well-known companies in Myanmar during her five-year stint back home between 2016-2021. When she is not at work improving things, she loves spending her time working out, playing tennis, cooking, painting or getting busy with her two super inquisitive kids.