ပံ့ပိုးသူများ

ကျွန်မတို့ရဲ့ ပထမဦးဆုံး အဓိကကျတဲ့ ပူးပေါင်းဆောင်ရွက်တာကတော့ ဗြိတိသျှကောင်စီနဲ့ ဖြစ်ပါတယ်။ လေတံခွန် ပုံပြင်များ ဝက်ဘ်ဆိုက်ပေါ်က ကိုယ်ပိုင်သမိုင်းတချို့ အပေါ်မှာ မူတည်ပြီး အသက် ရ နှစ်ကနေ ၁၄ နှစ်အထိ ရှိပြီဖြစ်တဲ့ ကလေးများအတွက် သင်ခန်းစာများကို တီထွင်ပေးထားပါတယ်။ 

လေတံခွန် ပုံပြင်များ ဆက်လက်ပြီး တိုးတက်ကြီးထွားလာဖို့ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ခြင်းတွေ ထပ်ပြီး ဖြစ်လာအောင် ကြိုးစားနေပါတယ်။ ပညာရေးအပြင် ပြပွဲတွေ၊ စကားပြောပွဲတွေ၊ ပုံပြင်တွေကို တိုင်းရင်းသား ဘာသာစကားတွေကို ဘာသာပြန်တာတွေ စတဲ့ အခြားလှုပ်ရှားမှုတွေလည်း ပါဝင်ပါတယ်။ အတိအကျသိလိုရင်တော့ ကျွန်မတို့ကို ဆက်သွယ် နိုင်ပါတယ်။ 

လေတံခွန်ပုံပြင်များ ဖြစ်မြောက်လာအောင် ငွေကြေးအရရော၊ အခြားပံ့ပိုးမှုတွေအရေရော ကူညီပေးသူများကို အလွန်ပဲ ကျေးဇူး အထူးတင်ပါတယ်။ ဒီလို ငွေကြေးအရရော၊ အခြားနည်းမျိုးစုံနဲ့ ပံ့ပိုးမှုတွေသာ မရှိခဲ့ရင် လေတံခွန်ပုံပြင်များ ဖြစ်မြောက် မလာနိုင်ပါဘူး။ အမည် မဖော်လိုဘဲ ပံ့ပိုးသူများလည်း ပါဝင်ပါတယ်။ 

ဦးအောင်ထွန်းနဲ့ Andy Annett ကတော့ ကျွန်မတို့ရဲ့ ပထမဦးဆုံး ကူညီပံ့ပိုးပေးသူတွေပါ။ သူတို့ နှစ်ဦးရဲ့ ကျွန်မတို့ အပေါ်မှာ ယုံကြည်ချက်ကို ကျွန်မတို့ အမြဲပဲ ကျေးဇူးတင်နေမှာပါ။ အခြားကူညီပံ့ပိုးသူတွေကတော့ ကိုပီတာမိုးကျော်၊ Tina Singhsacha ၊ Adam Cooper နဲ့ Isabell Poppelbaum တို့ပါ။ 

ကျွန်မတို့ရဲ့ လိုဂို ဒီဇိုင်းပုံစံကို အခမဲ့ ပုံစံဖော်ပေးခဲ့တာကတော့ Brand New Day Asia က ဖြစ်ပြီး ဝက်ဆိုက်ကို တည်ဆောက်ပံ့ပိုးပေးသူတွေကတော့ mspiral ကပါ။ ပုံပြင်တွေကို စေတနာ့ဝန်ထမ်း တည်းဖြတ်ပေးတဲ့ Rachel O'Brien နဲ့ Roland Lloyd Parry ကိုလည်း ကျေးဇူး တင်ပါတယ်။