ဆန်ခေါင်ရည် − ကောက်ပဲသီးနှံ့ကနေ ယမကာခွက်ထဲသို့

ဆန်ခေါင်ရည် − ကောက်ပဲသီးနှံ့ကနေ ယမကာခွက်ထဲသို့

ထနီးလာလဲရွာ၊ ကယားပြည်နယ်။

ဆန်ခေါင်ရည် သောက်သုံးရင်း စကားတွေ ပြောကြ ဆိုကြ ငြင်းခုန်ကြတဲ့ မြန်မာ့ လူမှုဝန်းကျင်ရဲ့ ဓလေ့တခုဟာ တောင်ယာ မီးခိုးငွေ့တွေ၊ တိမ်တိုက်တွေနဲ့ ရစ်ဖွဲ့နေတဲ့ စိမ်းစိမ်းစိုစို ကယားချိုင့်ဝှမ်း ရွာကလေးတွေ ကနေ မြင့်မားတဲ့ ချင်းတောင်တန်း အထိ အရေးပါတဲ့ အစိတ်အပိုင်း တရပ်လို ရှိနေပါတယ်။

ချိုမြိန်ပြီး အနံ့ပြင်းတတ်တဲ့ ဒီအိမ်မှာ ဖောက်ထားတဲ့ ကစော်ဟာ အရေးပါတဲ့ အခါသမယတွေ ဖြစ်တဲ့ မင်္ဂလာဆောင်တို့၊ အသုဘတို့၊ သီးနှံစိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်တို့၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်က အိမ်ကို လာလည်တာပဲ ဖြစ်ဖြစ် လူတွေ နှစ်နှစ်ခြိုက်ခြိုက်ရွေးချယ်တဲ့ ဧည့်ခံသောက်စရာ အရည်တစ်မျိုးပါ။ .  

ဆန်ခေါင်ရည်ဟာ ပွဲတော်တွေမှာ အလွန်ကျော်ကြားပါတယ်။

လေတံခွန်ပုံပြင်များ ဟာလည်း ဒီအရသာရှိတဲ့ အရည်ရဲ့ ကြီးမားတဲ့ ပရိသတ်တွေပါ။ မြန်မာနိုင်ငံ တဝှမ်းမှာ အခွင့်အရေး ရရင် ရသလို မြည်းစမ်း ကြည့်ခဲ့ကြပါတယ်။ ကယားပွဲတော် တစ်ခုမှာ ယက်ထားတဲ့ ဝါးခွက်ကလေးတွေထဲက တစ်ကျိုက် ကျိုက်ဖူးသလို ချင်းမင်္ဂလာဆောင်မှာ ညစ်ပတ်ပေကျံနေတဲ့ ပလတ်စတ်ခွက် ကနေလည်း သောက်ဖူးပါတယ်။ မိုင်သွန် တိရစ္ဆာန်ရဲ့ အဖိုးတန်တဲ့ ဦးချိုနဲ့ လုပ်ထားတဲ့ ခွက်ထဲကရော၊ အလွန်တရာ ကြီးမားတဲ့ ရေခဲတုံးတွေပေါ် လောင်းပြီး ရန်ကုန်က စားသောက်ဆိုင်တစ်ခုမှာ ဝဒေသ အမှတ်တရ ကော့တေး အနေနဲ့လည်း နှစ်သက်ခဲ့ပါတယ်။ 

ကယားပြည်နယ်က ရွာကလေးတစ်ရွာမှာ စာရေးဆရာ ကိုပါစကယ်ခူးသွယ် ဆန်ခေါင်ရည်ကို သောက်နေတာပါ

သူ့ အမည်နာမက ပြောသလိုပဲ ဆန်ခေါင်ရည်ဟာ ဆန်နဲ့ လုပ်ထားတာပါ။ တကယ်တန်းတော့ ဖော်စပ်ပြုလုပ်ပုံဟာ ပြုပြင် ပြောင်းလဲလို့ ရပါတယ်။ တစ်ချို့လူတွေက ကောက်ပဲသီးနှံတွေကို ရောပြီး သုံးပါတယ်။ တခြားသူတွေကတော့ ဆန်ကို လုံးလုံး မသုံးပဲ အခြားအဓိကကျတဲ့ ပြောင်းစပါးသုံးပြီး သူတို့ရဲ့ ကစော်ကို ဖောက်ပါတယ်။ သူတို့ သဘောကျတဲ့ အရသာ ဒါမှမဟုတ် သူတို့ လက်ရှိစိုက်နေတဲ့ ကောက်ပဲသီးနှံတွေ အပေါ် မူတည်ပါတယ်။ 

မြန်မာဆန်ခေါင်ရည်ဟာ အာရှတိုက်တဝန်းက အလားတူခေါင်ရည်တွေနဲ့ အမျိုးတော်စပ် ပါတယ်။ ဒီအထဲမှာ နာမည် အကြီးဆုံးကတော့ ဂျပန်နိုင်ငံက ဆာကေးပေါ့။ 

ချက်နည်းဟာ တစ်ရွာနဲတစ်ရွာ၊ တစ်အိမ်နဲ့ တစ်အိမ် မတူပါဘူး။

ဒီချက်နည်းဟာ ကယားပြည်နယ်က တနီးလာလဲရွာက ဒေါ်စောမြာ ဆီက ဖြစ်ပြီး ပြောင်းကောက်နဲ့ ဆန် နှစ်မျိုးနဲ့ ပြုလုပ် ထားတာပါ။ ပြောင်းကောက်ဆိုတာ ဟိုးရှေးခေတ်ကတည်းက ရှိခဲ့ပြီး အနောက်ပိုင်းနိုင်ငံတွေမှာ အခုပြန်ခေတ်စားလာတဲ့ ကောက်ပဲသီးနှံ တစ်မျိုး ဖြစ်ပါတယ်။ 

ဒီနည်းအရ ချက်မယ်ဆိုရင် ပျော်ပွဲရွှင်ပွဲ တစ်ပွဲ အတွက် လုံလုံလောက်လောက် ၄ ဂါလံလောက်ရမှာပါ။ 

ပါဝင်သောပစ္စည်းများ 

ဆန်         ၂ ပြည်

ပြောင်းကောက်     ၃ ပြည် 

ဆန်တဆေး (ကဇော်မြှုပ်) 
ဒါကိုရဖို့ ဆန်ကို ကြိတ်ပြီး နေရောင်အောက်မှာ အပူပေး လှန်းပါ။ ခြောက်သွားပြီးရင် အလုံးလုံးပြီး ဒီအလုံးလေးတွေအပေါ်ကို ဆန်ခွံတွေ ဖြန်းပါ။ ခြောက်ပြီး ကိတ်မုန့် အသေးလေးတွေ ဖြစ်သွားတဲ့ အထိ စောင့်ပြီးတော့ အပေါက် တစ်ပေါက်စီ ဖောက်၊ ဝါးချည်တွေသွပ်၊ ကြိုးချည်ပြီး မီးဖိုအပေါ်မှာတင်ထားပါ။ ဒီဒေသတွေက မီးဖိုဆိုတာ မီးဖိုချောင်အခန်းရဲ့ အလယ်မှာပါ။ တစ်ပတ်လောက်စောင့်ပါ။ အဲဒီအခါမှာ ကဇော် ဖောက်ရာမှာ အကူအညီပြုမယ့် အမှုန့်လေးတွေ ဖြစ်လာပါတယ်။ ဒီလို မလုပ်ချင်ရင်လည်း ဆိုင်ကနေ ဝယ်လို့ ရပါတယ်။ အောက်မှာ လင့်ခ်ကလေးတွေ ပေးထားပါတယ်။ 

ရွာက သစ်ပင်သစ်ရွက် အခြောက်များ 

 ရစ်ချတ်ဟောစီ)

ချက်ပြုတ်နည်း 

− ပြောင်းကောက်ကို ဆေးပါ

− အိုးအကြီးကြီးတစ်အိုးထဲကို ရေ တစ်ဝက်ထည့်ပါ။ 

− ရေကို ဆူအောင်ပြုတ်ပါ။ ပြောင်းကောက်ကို ရေထဲလောင်းပြီး နူးတဲ့အထိ ချက်ပါ။ 

− ပြောင်းကောက် ကျက်သွားတဲ့ အချိန်မှာ ထမင်းထည့်ပါ။ 

− ရေခမ်းသွားတဲ့ အထိ စောင့်ပြီး မကြာခဏ မွှေပေးရင်းနဲ့ အကုန်လုံး ကောင်းကောင်းမွန်မွန် ကျက်တဲ့ အထိစောင့်ပါ။ ဒီအတွက် မိနစ် ၃၀ ကနေ တစ်နာရီအထိ ကြာနိုင်ပါတယ်။ 

− အိုးထဲက ရောစပ်ထားတဲ့ အရာတွေကို အေးအောင်လို့ ဝါးဖျာပေါ်တင်ပြီး ညီညီမျှမျှ ဖြန့်ပေးပါ။ မွှေးကြိုင်နေတဲ့ ဆန်နဲ့ ကောက်ပဲသီးနှံ အနံ့ သင်းသင်းကလေးတွေကို ရှုရတဲ့ အချိန်ပေါ့။ 

− အငွေ့တွေ ထွက်နေတဲ့ ချက်ထားတဲ့ အပေါ် ဆန်အမှုန့်ဆေး နှံ့စပ်အောင် ဖြူးပါ လို့ထင်တယ်။ 

ကဇော်မြှုပ်က ကဇော် ဖောက်ရာမှာ အကူအညီပြုပါတယ်။

− အေးသွားအောင်လို့ တစ်နာရီလောက် စောင့်ပြီး ရောထားတဲ့ ဆန်နဲ့ ပြောင်းကောက်ကို စဉ့်အိုးတွေထဲ အပြည့်ထည့်ပါ။ 

− သစ်ရွက်ခြောက်တွေကို သုံးပြီး အထဲဝင်အောင် နှိပ်ပြီး သေသေချာချာ ပိတ်ပါ။ 

− တစ်ပတ်လောက် ကြာပြီးရင် ပိုပြီးသေးတဲ့ ထည့်စရာခွက်တွေထဲ ပြောင်းထဲပြီး၊ ရေနွေးလောင်းပြီး ဝါးနဲ့လုပ်ထားတဲ့ ပိုက်နဲ့ (bamboo straw) သောက်ပါ။ အလွန်အရသာရှိပါတယ်။ 

အရသာရှိပါပေ့။

ကျန်တဲ့ အစေ့အဆန်တွေကို ဝက်တွေ ကျွေးပါတယ်။ မဖြုန်းတီးဖို့ပေါ့။  

အိမ်မှာ ချက်ချင်တဲ့ သူတွေ အတွက် ဒီမှာ သင်ခန်းစာတွေ ကြည့်လို့ရပါတယ်။ 

https://www.splendidtable.org/recipes/rice-wine
https://www.byjovericewine.com/blog/2017/1/29/how-to-make-rice-wine-the-...
https://food-hacks.wonderhowto.com/how-to/skip-home-brewed-beer-sake-is-...