"အာဏာရှင် အစိုးရရဲ့ ယန္တယား ရပ်ဖို့ ဝန်ထမ်းတွေ အဓိက"

"အာဏာရှင် အစိုးရရဲ့ ယန္တယား ရပ်ဖို့ ဝန်ထမ်းတွေ အဓိက"

Lashio, Shan State

အသက် ၃၂ နှစ်ရှိ လားရှိုးမှ အစိုးရ၀န်ထမ်းတစ်ဦးက သူဘာကြောင့် CDM (civil disobedience movement) တွင်ပါဝင်ခဲ့ရကြောင်း နဲ့ ဒီတစ်ခေါက်မှာ စစ်တပ်ကိုဆန့်ကျင်တာဟာ မျိုးဆက်များ ပါတယ်လို့  လေတန်ခွန်ပုံပြင်များကို ပြောပါတယ်။ 

 

ဘာလို့ CDM လုပ်လဲဆိုလို့ရှိရင် နိုင်ငံအနေနနဲ့ ဒီမိုကရေစီ အစစ်အမှန် လိုချင်တယ်။ ကျွန်မတို့လိုချင်တဲ့ အစိုးအရကို ကိုယ်တိုင်ရွေးချင်တယ်။ ပြီးတော့ တရားမျှတတဲ့  ဉပဒေတစ်ရပ်ကိုလိုချင်တယ်။ ဒီနိုင်ငံမှာရှိတဲ့ လူမျိုးပေါင်းစုံ ပြည်နယ်ပေါင်းစုံ တူညီတဲ့ အခွင့်အရေးတွေ ရစေချင်တယ်။   ပြီးတော့ ကမ္ဘာ့နိုင်ငံတွေနဲ့ ယှဉ်ပြီးတော့လည်း ကျွန်မတို့နိုင်ငံ မျက်နှာမငယ်ချင်တော့ဘူး။

မိသားစုအနေနဲ့ စဉ်းစားရင် ဝန်ထမ်းက ကျွန်မတစ်‌‌ယောက်တည်းရှိတယ်။ တစ်ခြားဝန်ထမ်းမဟုတ်တဲ့ ကျွန်မမိသားစုဝင်တွေ အခြားမိသားစုဝင်တွေ အာဏာသိမ်းမှုကို လမ်းပေါ်တက်ဆန္ဒပြကြတယ်။ ကျွန်မတို့ ဒီဝန်ထမ်းအနေနဲ့ဆိုရင် လမ်းပေါ်တက် ဆန္ဒပြတာထက် ပိုပြီး ဘာလုပ်နိုင်မလဲ စဉ်းစားတယ်။ အဲဒီတော့ ကိုယ့်အစိုးရ မဟုတ်တဲ့ အာဏာရှင် အစိုးရရဲ့ ယန္ဒယား ရပ်ဖို့ဆိုတာ ကျွန်မတို့ ဝန်ထမ်းတွေကသာလျင် အဓိကဖြစ်တယ်။ အဲဒီအတွက်ကြောင့် CDM ကိုရွေးလိုက်တယ်။


ကိုယ်တတ်နိုင်သလောက် လုပ်မယ်ဆိုပြီး အာဏာသိမ်းကတည်းက နေ့တိုင်းစဉ်းစားခဲ့တယ်။ ဘာဆက်လုပ်ရမလဲ အခုချိန်အထိ စဉ်းစားတုန်းပဲ။ အမေတို့ အဖိုးအဖွားတွေ ခေတ်တုန်းကလည်း အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တယ်။ အဲဒီတော့ အဲဒီ အာဏာသိမ်းမှုတွေ အောင်မြင်ခဲ့တဲ့အတွက် စစ်အစိုးရအောက်မှာ နေခဲ့ ဘူးတယ်။ 

နေခဲ့ဘူးတဲ့ လူတစ်ယောက်အနေနဲ့ အရင်တုန်းက စစ်အုပ်ချုပ်ရေးခေတ် ဘာမှ မလုံခြုံတဲ့ ခေတ် လက်နက်ရှိတဲ့သူကို ကြောက်နေရတဲ့ ခေတ် ပြန်မသွားချင်တော့ဘူး။ အထူးသဖြင့် အနာ၈တ်အရမ်းကောင်းတဲ့ အရမ်းတော်တဲ့ နောက်ထပ်မျိုးဆက်တွေကို လည်း ဒီစစ်အုပ်ချုပ်ရေးရဲ့ နောက်ဆက်တြဲ ဆိုးကျိုးတွေကို မခံစားစေ ချင်တော့ဘူ။ 

အခု အာဏာသိမ်းမှုနဲ့ အရင်နဲ့ ဘာတွေကွာလည်းဆိုလို့ရှိရင် အခုအာဏာသိမ်းမှုမှာ အမျိုးဆက် အမျိုးစုံ ပါဝင်လာပြီ။ အရင်အာဏာသိမ်းမှုမှာ ကြုံခဲ့ဘူးသူတွေ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေရှိမယ်။ လမ်းစဉ်တွေရှိမယ်။  နည်းလမ်းတွေရှိမယ်။ လိုအက်ချက်တွေရှိမယ်။ သူတို့ရဲ့ အားသာချက်တွေ အားနည်းချက်တွေ ကြည့်ပြီးတော့ သူတို့က အကြံပေးခဲ့ကြတာတွေ ရှိတယ်။ အခုနောက်တက်လာတဲ့ မျိုးဆက်သစ်ဆို သတ္တိတွေအရမ်းကောင်းတယ်။  Technology နဲ့ IT မှာရော နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်စွမ်းရှိတယ်။ ကျွန်မတို့ပြောချင်တဲ့ အသံတွေကို အားလုံးကြားနိုင်အောင်အော်ပြောနိုင်တဲ့ အခြေအနေတွေရှိနေတယ်။ 

အခုလုပ်နေတဲ့အရာဆိုရင် ခေါင်းဆောင်ဆိုတာထက် အားလုံးက ကိုယ်ကိုယ်တိုင် ခေါင်းဆောင်ကောင်းဖြစ်နိုင်သလို နောက်လိုက်‌ကောင်းလည်းဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားတစ်ခုနဲ့ အားလုံးက ပြိုင်းတူသွားနေတာပေါ့။ ဆန္ဒပြပွဲတွေကို ကြည့်မယ်ဆိုရင်လည်း ဆန္ဒပြလူအုပ်ကြီးက အကြမ်းဖက်မလုပ်ဘူး ငြိမ်းချမ်းစွာဆန္ဒပြရမယ် ဆိုတဲ့ အသိတွေရှိနေတာ အရမ်းအရမ်းကို အားရစရာကောင်းတယ်။ 

ပြီးတော့ ဒီလို အချိန်မျိုးမှာ ကျွန်မတို့နိုင်ငံမှာ အရင့်အရင် အတွေ့အကြုံတွေအရဆိုရင် ဘာသာရေး အထိကရုဏ်းဖြစ်ဖို့ဆိုတာ အလွန်လွယ်တယ်။ အဲဒါတွေကိုလည်း အခု မဖြစ်အောင် ဘာသာမတူတာ လူမျိုးမတူတာ တွေလည်း ကိုယ့်အသိစိတ်နဲ့အကို ညှိနှိုင်းပြီးတော့ ဆက်သွားနိင်တယ် ဆိုတဲ့ အနေအထားလည်း ရောက်လာပြီ။ ပြီးတော့ တစ်ရက် တစ်ရက် လူတွေ ထောင်ချီ သောင်းချီ သိန်းချီ သန်းချီ လမ်းပေါ်ထွက် ဆန္ဒပြနေတာတောင်မှ ခေါင်းဆောက်မပါပဲ ကိုယ့်ပြည်သူက ကိုယ့်ပြည်သူကို ထိန်းတဲ့ ပုံစံနဲ့ သွားနိုင်လာပြီ။ ပြည်သူကို ပြည်သူကပဲ ပြန်ထိမ်းပြီး ပန်းတိုင်ဆီသွားရမယ်ဆိုတဲ့ အသိစိတ်ဓါတ်ရှိလာတာကလည်း အလွန်အားသာတယ်။ 

ရှေ့အနာ၈တ်မှာ စစ်မှန်တဲ့ ဖဒရယ်ဒီမိုကရေစီ အစစ်အမှန်လိုချင်တယ်။ အတုအယောင် လုံးဝမလိုချင်တော့ဘူး။ 

ဆန္ဒပြပန်းချီက https://www.artforfreedommm.com/ ကဖြစ်ပါတယ်။