ပတ်ဝန်းကျင် အန္တရာယ်တွေအမျိုးစုံနဲ့ တောင်ကြီးမြို့

ပတ်ဝန်းကျင် အန္တရာယ်တွေအမျိုးစုံနဲ့ တောင်ကြီးမြို့

Taunggyi

စာရေးသူသည် ရှမ်းပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

အာဏာသိမ်းတာ ၂ နှစ်နီးပါးကြာလာပြီဆိုတော့ မြို့ပေါ်မှာ လူတွေပုံမှန်အလုပ်လုပ်နေပြီ၊ ပုံမှန်သွားလာလှုပ်ရှားနေပြီ၊ စည်းကားနေပြီ ငြိမ်းချမ်းနေပြီလိ​ထြင်ရလောက်အောင် ဖြစ်နေပြီ ဆိုပြီး တောင်ကြီး မြို့ရဲ့အခြေအ နေလေးတွေကို သူငယ်ချင်းမိတ်ဆွေတွေပြောလာလို့ သိရပါတယ်။

ခုရက်ပိုင်းတောင်ကြီးမြို့မှာ အဖမ်းအဆီး မရှိသလောက်နည်းပါးသွားပြီ၊ တော်လှန်ရေးလုပ်တဲ့သူတွေကလည်း ငြိမ်နေပြီ လို့ဆိုပါတယ်။

လက်ရှိအနေအထားမှာ ငြိမ်နေပြီ အေးချမ်းနေပြီလို့ ထင်ရပေမယ့် နေရာတိုင်းမှာ ဒလန်တွေရှိတယ်။ စျေးသုံးတာပဲဖြစ်ဖြစ် လက်ဖက်ရည်ဆိုင်ထိုင်တာဖြစ်ဖြစ် လမ်းသွားလမ်းလာတာဖြစ်ဖြစ် စကားပြော မှားလို့မရတဲ့အနေအထားပါ။

PDF, NUG, CRPH စကားပြောမိပြီဆိုရင် အဖမ်းခံရဖို့ အလားလာများသွားပြီဖြစ်နေပါတယ်။ အိမ်နီးနားချင်းတောင်အချင်းချင်း ယုံကြည့်လို့မရတဲ့အနေအထားတွေ ဖြစ်နေပါပြီ။

ဘာဖြစ်လို့လဲ ဆိုတော့ မနှစ်ကစပြီး တောင်ကြီးမြို့မှာ သွေးသောက်အဖွဲ့(ခ) ပျူစောထီးအဖွဲ့ တစ်ဖွဲ့ ဖွဲ့ခဲ့တာကြောင့်ပါ။

သွေးသောက်အဖွဲ့(ခ) ပျူစောထီးအဖွဲ့ကို တောင်ကြီးမြို့နဲ့ အေးသာယာမြို့ရဲ့ စစ်တပ်ထောက်ခံသူတွေ၊ အမျိုးသားရေးဝါဒဆိုသူတွေ ၊ ရပ်ကွက်တွေထဲ ရှိ ခိုး၊ဆိုးလုနှိုက် ၊ ဆေးစွဲနေသူတွေကိုပါ စည်းရုံးသိမ်းသွင်းပြီး ဖွဲ့စည်းလိုက်စ်တယ်လို့ ဒေသအတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

သူတို့တွေကြောင့်လည်း အပြစ်မဲ့ပြည်သူ အများအပြားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။ အသက်မပြည့်တဲ့ လူငယ်တွေတောင် ချောက်ချပြီးသတင်းပေးလို့ အဖမ်းခံရတာဖြစ်ပါတယ်။

ခရီးရက်ရှည်သွားတဲ့သူတွေ အိမ်ပြန်လာနေပြီ ဆုရင် သူတို့က PDF တွေလို့စွပ်စွဲတိုင်ကြားပြီး အဖမ်းခံရ ပါတယ်။

CDM ဝန်ထမ်းတွေကိုလည်း PDF ထောက်ပံ့ သူတွေလို့စွပ်စွဲတိုင်ကြားလို့အဖမ်းခံရတဲ့သူတွေလည်း အများကြီးရှိနေပါပြီ။

အဲလိုနဲ့ ဒီဒလန်တွေကြောင့် ပြည်သူတွေအဖမ်းခံရတယ်၊ အန္တရယ်ဖြစ်စေတာမို့ တော်လှန်ရေးအဖွဲ့တွေကလည်း အဲဒီဒလန်တွေကို သုတ်သင်ရှင်းလင်းမှုတွေလည်း လုပ်လာခဲ့ပါတယ်။

အဲလိုသုတ်သင်ရှင်းလင်းမှုလုပ်ပြီး ဒလန်တွေသေဆုံးသွားရင်လည်း စစ်ကောင်စီ လက်အောက် လုံခြုံရေး အဖွဲ့တွေက လုံခြုံရေး၊ ပိုတင်းကြပ်မှုပြုလုပ်လာတယ်၊ ပြည်သူတွေ ပိုပြီးအခက်အခဲဖြစ်စေခဲ့ပါတယ်။

ဒီအဖွဲ့မဖွဲ့ခင်ကတည်းက တောင်ကြီးမှာ အရမ်းတင်းကြပ်ခဲ့ပါတယ်။ ရွေးကောက် ပွဲပြန်လည်ကျင်းပဖို့ လူဦးရေ စာရင်းလိုက်ကောက်သလိုလိုနဲ့ စစ်ကောင်စီက ဖမ်းချင်တဲ့သူကို ဖမ်းမိဖို့ စာရင်းလိုက်ကောက်တဲ့ပုံစံတွေမျိုးတွေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစ လုပ်ခဲ့ပါတယ်။ သန်းခေါင်စာရင်း မတင်ပြတဲ့သူကိုလည်းဖမ်းဆီးခံရပါတယ်။ စာရေးသူရဲ့ အသိတွေထဲကလည်း အဖမ်းခံရသူတွေရှိပါတယ်။

ဒါ့အပြင် ခရီးသွားပြည်သူတွေကို ထောက်ခံစာအသုံးပြုပြီး သွားလို့မရတော့ပဲ မှတ်ပုံတင်ကိုင်ဆောင်ပြီး သွားရမယ်လို့လည်း အမိန့်စာထုတ်ပြန်လာပါတယ်။

ဒါအပြင် စစ်ကောင်စီ လက်အောက် ပြည်သူ့စစ်တွေက ကျေးရွာမှာ ပြည်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေ၂၀၂၂ နှစ်ဆန်းပိုင်းမှာ လုပ်လာပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့လက်မှတ်၊ မှတ်ပုံတင် မူရင်းမပါပဲ အိမ်ပြင်ထွက်တာ၊ နယ်ကျော်သွားတာတွေသွားလို့မရပါ။ စစ်ဆေးလို့ အဲဒီအထောက်အထားမပါရင် ဒဏ်ငွေ ၅ သောင်းဒဏ်ရိုက်ပါတယ်။

"ကျွန်တော် အစစ်ဆေးခံလိုက်ရတယ် ပြည်သူ့စစ်က စစ်တာ သူတို့ကပိုဆိုးတယ် အမျိုးမျိုး ခြိမ်းခြောက်တယ်။ ရစ်တယ် ပြောသေးတယ် ဗမာစစ်တပ်နဲ့တွေ့ ရင်မလွယ်ဘူတဲ့" ပအိုဝ်းပြည်သူ့စစ်ရဲ့ စစ်ဆေးခြင်းခံရတဲ့ သူငယ်ချင်းက သတိပေးပြောလာပါတယ်။

အဲဒီလို အစစ်ဆေးတွေ တင်းတင်ကြပ်ကြပ်လုပ်လာတော့ ပြည်သူတွေကလည်း သွားလာရေးခက်ခဲလာတယ်။

ရှမ်းပြည်နယ် မြို့တော်ဖြစ်တဲ့ တောင်ကြီး မြို့ဟာ မြို့တွင်းတော်လှန်ရေးပြုလုပ်ဖို့အလွန် ခက်ပါတယ်။ ဖြစ်လည်းမဖြစ်နိုင်ပါ။ ဘာဖြစ်လို့လဲ ဆိုတောင် တောင်ကြီးမြို့ဟာ စစ်တိုင်းဌာနချုပ်တစ်ခုရှိ တဲ့အပြင် မြို့ပတ်ပတ်လည်မှာ စစ်တပ်ကနေရာယူထားပြီးဖြစ်ပါတယ်။

တောင်ကြီးမြို့ အဝင် ရွှေညောင်၊ အောင်သပြေ ပြည်ထောင်စု လမ်းမတလျှောက် လမ်းဘေးက စစ်တပ်တွေနေရာယူထားပြီးဖြစ်ပါတယ်။

တောင်ကြီး မြို့ရဲ့တောင်ဘက်မှဆိရင် 212 တပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖတပ်) နဲ့ ဆက်သွယ်ရေးတပ်က နေရာယူထားပြီးဖြစ်ပါတယ်။ တောင်ကြီး မြို့အရှေ့ဘက် တောင်ကုန်းရဲတစ်ဘက်မှာ စစ်တပ်ကသိမ်းထားပြီး လျှို့ဝှက်လုပ်ဆောင်တဲ့GEတပ် ရှိတယ်။ အကုန်လုံးဝိုင်းထားပြီး ပုဒ်မ ၁၄၄ ထုတ်ထားပြီး ဘယ်သူမှ အနီးကပ်လာလို့မရအောင် လုပ်ဆောင်ထားပါတယ်။

တောင်ကြီး မြို့အရှေ့မြောက်ဘက်မှာ အမြှောက်တပ်ရှိပြီး မြေဧက ၈၀၀ ဝန်းကျင်သိမ်းပြီး ခြံစည်းရိုးခတ်ထားလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ပြီး ဘယ်သူမှဝင်လို့မရတော့ပါ။

"Marshal law is no law" (စစ်အုပ်ချုပ်မှုအောက်မှု တရာဥပဒေဆိုတာမရှိတော့ဘူး) ဆိုပြီး လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကို တောင်ကြီးမြို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။


ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။