ဖမ်းဆီးခံနေရတဲ့၊ ပုန်းအောင်းနေရတဲ့ သတင်းထောက်တွေရဲ့ ဘဝ

ဖမ်းဆီးခံနေရတဲ့၊ ပုန်းအောင်းနေရတဲ့ သတင်းထောက်တွေရဲ့ ဘဝ

Myitkyina

ဆိုင်းမိုင်မရန်ဟာ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်က လွတ်လပ်တဲ့သတင်းမီဒီယာဖြစ်တဲ့ မြစ်ကြီးနားဂျာနယ်ရဲ့ ထုတ်ဝေသူနှင့်အယ်ဒီတာချုပ်ပါ။ ဒါ့အပြင် ဆိုင်းမိုင် ဟာ မြန်မာနိုင်ငံမှာအလွန်ရှားပါးတဲ့ အမျိုးသမီးအယ်ဒီတာချုပ်တစ်ဦးပါ။ စစ်ရေးပဋိပက္ခ နဲ့ အကျင့်ပျက်ခြစားမှုတွေကအစ မူးယစ်ဆေးဝါးသုံးစွဲမှု နဲ့ လူ့အခွင့် အရေးချိုးဖောက်မှုအဆုံး ခက်ခဲပြီးအရေးပါတဲ့ သတင်းတွေကို ရေးနိုင်တဲ့ မီဒီယာတစ်ခုကိုတည်ဆောက်နိုင်ခဲ့သူပါ။ ဒီလို သတင်းသမားတွေဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ အမျက်ဒေါသကို အမြဲခံရသလို မြစ်ကြီးနားဂျာနယ်ဟာလည်း အာဏာသိမ်းပြီးမကြာခင်မှာ ၂၀၂၁ ခုနှစ်မေလမှာ လိုင်စင်ရုတ်သိမ်းတာ ခံခဲ့ရပါတယ်။ လုံခြုံနေတဲ့တစ်နေရာမှာ ခိုလှုံနေတဲ့ ဆိုင်းမိုင်ဟာ အခုနောက်ဆုံး သူ့အခြေအနေကို လေတံခွန်ပုံပြင်များကို အခုလိုပြောခဲ့ပါတယ်။
 

အခက်အခဲကတော့ အဓိကတော့ သတင်းထောက်တွေကို လိုက်ဖမ်းနေတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ ယုတ်မာပက်စက်မှုက ဘာရှိလည်းဆိုရင် ကျွန်တော်တို့ သတင်းထောက်တွေကို မတွေ့ရင် မိဘတွေကိုခေါ်သွားတဲ့ သားသမီးတွေကိုခေါ်သွားတဲ့ ပြဿနာတွေရှိတယ်။ ဒါတွေကို မရင်ဆိုင်နိုင်လို့ ဒီ ဂျာနယ် ကို အနားပေးလိုက် ရတာဖြစ်တယ်။ ဆိုတော့ စစ်ကောင်စီက လုပ်တဲ့လုပ်ရပ်တွေက အရမ်းကို လူမဆန်ဘူး။ ကျွန်တော်တို့  သတင်းထောက်တွေတင်ကို သူတို့က target ထားတာမဟုတ်ဘူး။ နောက်ဆုံး မိသားစုတွေ အိမ်ကအသိုင်းအဝိုင်းတွေကို target ထားလာတာပေါ့။

တိုက်ကြီးလေ ပိုပြီးပြဿနာကြီးလေပဲ။ ဘာဖြစ်လို့လည်းဆိုတော့ တိုက်ကြီးရင် လူများတော့ လူအကုန်လုံးကို ဘေးလွတ်ရာကို ခေါ်မသွားနိုင်ဘူး။ ဒါက နံပါတ် ၁ အချက်။ လူတိုင်းကို ဘေးလွတ်ရာခေါ်သွားနိုင်ဦးတောင်မှ သူတို့မိသားစုအကုန်လုံးကို မခါ်သွားနိုင်ပြန်ဘူး။ အဲဒီလိုမျိုးက ကျွန်တော်တို့ရဲ့ နစ်နာဆုံးရှုံးမှုပေါ့။

ဆိုင်းမိုင်တို့က လူအယောက် ၃၀ လောက်ရှိခဲ့တာ။ ပြောမယ်ဆို admin, marketing, accounting တို့ပါတာကိုး။ အကြီးကြီးလုပ်ထားတာကို။ ဂျာနယ်အနေနဲ့။ ကြော်ငြာလိုက်ကောက်ထားတယ်။ ဖြန့်ချီရေးတွေကအစ ​​admin အဆုံး ဝင်ထွက်သွားလာခဲ့တဲ့သူတွေ။ ဆိုင်းမိုင်တို့ ဒီမြစ်ကြီးနား ဂျာနယ်ကြီးကို အသေခံပြီး ဆက်လုပ် မယ်ဆိုရင် သူတို့တွေပါ အကုန်ဆွဲခံရမှာ။ အားလုံးကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးဖို့ဆိုတာ လွယ်တဲ့အင်အားမဟုတ်ဘူး။ ဆိုတော့ ကျွန်တော့ ဒါကို ဆုံးရှုံးလိုက်ရတယ်။ အရမ်းစိတ်ညစ်စရာကောင်းတယ်။

မြစ်ကြီးနားဂျာနယ်က မေလဆန်းမှာ ရပ်လိုက်တယ်။ အခုသူတို့က တရားဝင်ပိတ်လိုက်တာမို့လို့ ကျွန်တော်တို့ ဆက်သုံးလို့မရတော့ဘူး။

နောက်တစ်ခုက ဘာရှိတာလည်းဆိုတော့ ကျွန်တော်တို့က တစ်ကွဲတစ်ပြားတွေ ဖြစ်ကုန်တယ်။ တစ်ချို့က border area တွေရောက်တယ်။ တစ်ချို့က ပုန်းနေတယ်။ တစ်ချို့က မသွားချင် ဘူး။ ဘာလို့ မသွားချင်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ border area တွေက စစ်ဖြစ်နေတဲ့ နေရာတွေ။ safe မဖြစ်ဘူး။ ပြောရမယ်ဆို အချိန်မရွေးစစ်ဖြစ်နိုင်တဲ့ နေရာတွေမှာ ကျွန်တော်တို့က သွားပြီးခိုလှုံရမှာလေ။ EAO တွေက လက်ခံထားပေမယ့်လည်း သူတို့တောင်မှ လုံခြုံစိတ်ချရတဲ့ နေရာမဟုတ်ဘူး။ အချိန်မရွေး စစ်လေယာဉ် နဲ့လာပြီး တိုက်ပွဲတွေဆင်နွှဲနေတာဆိုတော့ တစ်ချို့သတင်းထောက်တွေက သွားချင်တယ်။ တစ်ချို့တွေက မသွားချင်ဘူး။ တစ်ချို့မိဘတွေ မသွားခိုင်းစေချင်တာ ရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာ newsroom က တစ်ကွဲတစ်ပြားတွေဖြစ်သွားတယ်။

နောက်တစ်ခုက border area မှာ ရောက်နေတဲ့သူတွေက ဗမာဖုန်းမရဘူး။ မြန်မာပြည်မှာ ပုန်းနေတဲ့ သူတွေက data internet မလွယ်ဘူးဆိုတော့ ဘယ်လိုမှ contact လုပ်လို့မရဘူး။ ဆိုတော့ conenction က ဘယ်လိုမှ မမိဘူး။ အဲဒါကလည်း အကြီးအမားဆုံးပြဿနာ။

ဆိုင်းမိုင်အခြေအနေရဆိုရင် ကျောက်ကပ်ဆေးနေရလို့ တစ်ချို့နေရာတွေကို သွားလို့မရဘူး။ ဘာလို့လည်းဆိုရင် ဆိုင်းမိုင်အတွက် ဆေးမရှိဘူး။ ဆေးခန်းမရှိဘူး။ ဘယ်လိုမှ သွားလို့မရဘူး။ အခုဆိုင်းမိုင်က လွတ်လပ်တဲ့တစ်နေရာမှာ။

တစ်ခြား newsroom တွေလည်း ဒီလိုအခက်အခဲရှိမှာပဲ။

ဖမ်းဆီးခံထားရတဲ့ မြစ်ကြီးနားဂျာနယ် သတင်းထောက်တွေရဲ့ပုံ နဲ့ ဆိုင်းမိုင်

အဓိက တစ်နိုင်ငံလုံးရော မီဒီယာတွေရော အလိုအပ်ဆုံးက ပိုက်ဆံပဲ။ budget ပဲ။ ဘာလို့လည်းဆိုတော့ အခုအချိန်က ကျွန်တော်တို့နိုင်ငံမှာ ပိုက်ဆံ ငွေရေးကြေးရေး အခက်အခဲဆုံးအချိန်ဖြစ်နေတယ်။ ရှိနေတဲ့ ပိုက်ဆံတွေတောင်ထုတ်လို့မရဘူး။ လစာမပေးနိုင်ဘူး။ တစ်ပတ်ကို ဘယ်လောက်ပဲ ထုပ်လို့ရမယ် ဆိုတဲ့ အကန့်အသတ်တွေနဲ့ နေရတယ်။ ပြီးရင် သွားတန်းစီရတယ်။ မနက် ၂ နာရီကနေ။ ကိုယ့်ပိုက်ဆံ ကိုယ်ရဖို့ကို။

Donor တွေအနေနဲ့ ထောက်ပံ့မယ်ဆိုရင် ပိုက်ဆံပဲ။ ပိုက်ဆံမရှိရင်လည်း ကျွန်တော်တို့ ဘယ်မှ ထွက်ပြေးလို့မရဘူး။ ဆိုတော့ border area ကိုပဲသွားသွား သူများနိုင်ငံကိုပဲ ထွက်ပြေးပြေး လမ်းစရိတ်မရှိရင် ဘာမှလုပ်လို့မရဘူး။ ပြီးရင် ဘယ်ရောက်ရောက် ပိုက်ဆံမရှိရင် ရပ်တည်လို့မရဘူး။ ဆိုတော့ အဓိက က ငွေရေးကြေးရေး ပဲလိုအပ်နေတာ။

ခုဏပြောတဲ့ safety ကိုလည်း သူတို့ ကူညီနိုင်မှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ စစ်ကောင်စီက ကိုယ်ပြေးနိုင်ရင် ပြေးနိုင်သလိုပဲ။ မပြေးနိုင်ရင် ဖမ်းပြီးမှ ထည့်မှာပဲ။ လွှတ်ပေးလို့ အော်ရင်လည်း အလကားပဲ။ မဖမ်းနဲ့ အော်ရင်လည်း အလကားပဲ။ donor တွေက ဘာမှ မလုပ်ပေးနိုင်ဘူး။ ငွေရေးကြေးရေး ထောက်ပံ့တာပဲ လုပ်ပေးနိုင်တယ်။ ထိထိရောက်ရောက်လုပ်ပေးနိုင်တာ ဒါပဲရှိတယ်။

အခုချိန်မှာ safety training တို့ ဘာ training တို့ ဘာမှ စိတ်မဝင်စားနိုင်ဘူး။ ဘာလို့လည်းဆိုတော့ လက်တွေမှာ ဒါတွေ အသုံးမဝင်ဘူး။ အခုအချိန်မှာ safety ဘယ်လောက်သင်ထားသင်ထား အရှေ့ကိုထွက်လို့ သတင်းယူလို့မရတဲ့ အခြေအနေမျိုးဖြစ်နေတာ။ သူတို့က ပစ်မှာပဲ။ အခု ကျွန်တော်တို့ အားကိုးနေရတာက CJ (citizen journalist) တွေကို။

ဘာလို့ပိုက်ဆံလိုလည်းပြောရတယ်ဆိုတာကလည်း ကျွန်တော်တို့ CJ တွေကို ထောက်ပံ့ရမယ်။ ဘာမှ မထောက်ပံ့နိုင်ဘူး။ အခုချိန်မှာ ကျွန်တော်တို့ သူတို့ဆီက အလကားပဲ ယူနေတာ။

သတင်းထောက်တွေက ဒီမျက်နှာတွေ။ ဒလန်တွေလည်းသိတယ်၊ ပြည်သူတွေလည်းသိတယ်။ ဒါမြစ်ကြီးနား ဂျာနယ်က သတင်းထောက်ဆိုတာ။ ဆိုတော့ CJ တွေက ပေးပို့တဲ့ဟာတွေကို ကျွန်တော်တို့က သုံးနေရတာ။ CJ တွေကို အများကြီးမွေးနေရတယ်။ ဒါပေမယ့် သူတို့ကို ကျွန်တော်တို့ ဘာမှမပေးနိုင်ဘူး။ ကိုယ်တွေကိုယ်တိုင်က ပိုက်ဆံမရှိဘူးကိုး။ ဝမ်းနည်းစရာကောင်းတာက သူတို့ကို ကျွန်တော်တို့က ဘာမှ မထောက်ပံ့နိုင်ဘူး။ အဲဒါတွေကို donor တွေက သိနိုင်ရင်ကောင်းတယ်။ CJ တွေအတွက် ပိုက်ဆံပေးနိုင်ရင် ကောင်းတယ်။

ပန်းချီ ဂရတ်ဖစ်များကို Raise Three Fingers for Democracy မှ ယူပါသည် https://www.threefingers.org/