JC ဟာ လူငယ်ပန်းချီဆရာနှင့် သရုပ်ဖော်သူတစ်ဦးဖြစ်သည်။
ကျွန်မဖုန်းမြည်လာချိန် မနက် ၄ နာရီ။ စစ်တပ်က အာဏာသိမ်းတယ်သတင်းကြားတယ်လို့ ကျွန်မရဲ့ချစ်သူကလှမ်းပြောတာပါ။ ကျွန်မကအိပ်ယာက နိုးတစ်ဝက်၊ မနိုးတစ်ဝက်နဲ့။ ကြားတာ မှန်သလားတော့ မသေချာ၊ မရေရာ။ ဒါပေမယ့် ကျွန်မ အရမ်းအံ့သြသွားတယ်။
အဲဒီနေ့မနက်မှာ အင်တာနက်နဲ့ ဖုန်းကွန်ရက်တွေ ပိတ်သွားပြီး အာဏာသိမ်းတဲ့သတင်းတွေ ပျံ့နှံ့လာတယ်။ အဲဒီမှာမှ ဒါတစ်ကယ်ဖြစ်နေပါလားလို့ ကျွန်မနားလည်လိုကတယ်။ သူတို့ တကယ် အာဏာယူလိုက်ပြီလို့။
မွန်းလွဲပိုင်းကြတော့ အင်တာနက်နှင့် ဖုန်းဆက်သွယ်မှုကို ပြန်ရရှိခဲ့တယ်။ ဆိုရှယ်မီဒီယာမှာ ကျွန်မတွေ့ရ ဖတ်ရသမျှက အာဏာသိမ်းမှုအကြောင်းပါပဲ။
တစ်ပတ်အကြာမှာ ဆန္ဒပြမှုတွေစတင်လာပြီ။ ပြင်းထန်ပြီး ကျယ်လောင်တဲ့ ဆန္ဒပြမှုတွေပေါ့။ ရန်ကုန် မြို့လယ်ခေါင်က ကျွန်မအိမ်နားကလမ်းမတွေပေါမှာ စုနေတဲ့လူတွေနောက်ကို ကျွန်မလိုက်သွားတယ်။ ကျွန်မတစ်ခါမှ သပိတ်မမှောက်ဖူးပေမယ့် အော်ဟစ်အားပေးတဲ့ လူအုပ်ရဲ့ ခွန်အားကို ခံစားရပြီး အားရှိတယ်။
လူထု၏ အော်ဟစ်မှုဟာ ကျွန်မတို့တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုမွေးဖွားပေးလိုက်သလိုပါပဲ။ ဖျော်ဖြေပွဲတွေ၊ ဂီတ၊ လက်မှုပညာ၊ အနုပညာ ဒါမှမဟုတ် ကျွန်မတို့ရဲ့ ဆန့်ကျင်မှု ပြသဖို့အတွက် ညတိုင်းတွင် ဒယ်အိုးနှင့်ဒန်အိုးတွေကိုရိုက်တယ်။ တတ်နိုင်သလို ဆန္ဒပြခဲ့ကြတယ်။
တစ်လကြာ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပြီးနောက် ရဲတွေနဲ့ စစ်သားတွေက ပြည်သူတွေကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတွေ စတင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ပစ်ခတ်ပြီး လူတွေကို ပစ်သတ်ခဲ့ပါတယ်ဘဝတွေက သိသိသာသာ ပြောင်းလဲသွားတယ်။ Covid ပြီးသွားတဲ့အချိန်ကို အိမ်ထဲမှာပဲ စောင့်နေကြတာကနေ ကျွန်မတို့ဘဝတွေ မလုံခြုံတော့တဲ့အတွက် အိမ်ထဲမှာပဲ နေရတာဖြစ်လာတယ်။ လူငယ်အများအပြားဟာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာပြီး နိုင်ငံတစ်ဝန်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်လာခဲတယ်။ ဖွဲ့စည်းခဲ့တယ်။
အခုဆို စစ်တပ်က အာဏာသိမ်းတာ တစ်နှစ်ရှိပြီ။ သူတို့ဟာ ကျွန်မရဲ့လွတ်လပ်မှုကို ယူဆောင်သွားရုံသာမကဘဲ၊ ကျွန်မရဲ့ အိပ်မက်တွေ၊ ကျွန်မရဲ့စိတ်ထဲတွေမှာဆက်လက်ပြီး ခြောက်လှန့်နေပါတယ်။ သူတို့ လုံးလုံးဝဝ မပျောက်ကွယ်သွားမချင်း ကျွန်မ လွတ်လပ်မှာ မဟုတ်ဘူး။
ဒါပေမယ့် ကျွန်မမှာ မျှော်လင့်ချက်ရှင်သန်နေတုန်းပါပဲ။ ကျွန်မတို့ တော်လှန်ရေး အောင်နိုင်မယ်လို့ ကျွန်မရဲ့နှလုံးသား တစ်ခုလုံး ယုံကြည်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့တစ်တွေ ပထဦးဆုံးအကြိမ်အဖြစ် စည်းလုံးညီညွှတ်မှုရှိနေတယ်။
လူတွေအများကြီးက သူတို့ရဲ့အတိတ်က မသိနားမလည်မှုတွေအတွက်၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် တပ်မတော်က ကျူးလွန်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ မတရားမှုတွေကို မသိချင်ယောင်ဆောင်ထားခဲ့တာတွေ ဒါမှမဟုတ် နှုတ်ဆိတ်နေခဲ့တဲ့အတွက် ရိုးသားစွာ တောင်းပန်ခဲ့ကြတယ်။ အခုဆို လူနည်းစုတွေအတွက် သူတို့တောင်းဆိုမှုတွေလုပ်နေကြပြီး။ ကရင်လူနည်းစုက သူတစ်ယောက်အနေနဲ့ ဒါတွေကိုမြင်ရတာ ကျွန်မအတွက် ဝမ်းသာခံစားရပါတယ်။ တော်လှန်ရေးပြီးသွားတဲ့အခါ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်နိုင်မယ်လို့ ကျွန် အိပ်မက်မက်နေပါတယ်။ ဒါပေမယ့် အဲဒီအချိန်မရောက်မခြင်း ကျွန်မတို့မှာ တာဝန်ရှိတယ်။
တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ စိုးမိုးနိုင်မှာပါ။