ဦးငွမ်ပေါက်

ဦးငွမ်ပေါက်

လဟယ်၊ နာဂဒေသ၊ စစ်ကိုင်းတိုင်း

နှစ်စဉ်နှစ်တိုင်းမှာ လိုင်းနောင်နာဂ လူမျိုးစုဟာ ရိုးရာ နှစ်သစ်ကူး ကိုင်ဝီး ပွဲကို ဝမ်းမြောက်ဝမ်းသာ ကျင်းပလေ့ ရှိပါတယ်။ ဒီပွဲမှာ အကုန်လုံး ပါဝင်ဆင်နွှဲလေ့ ရှိကြပါတယ်။ ရွာတစ်ရွာနဲ့ တစ်ရွာက ခင်မင်ရင်းနှီးတဲ့ မိသားစု တွေကြား အိမ်အသီးသီးမှာ ချက်ပြုတ်ကျွေးသူက ချက်ပြုတ်ကျွေး၊ စားသူကစား နေချိန်မှာ ကကွင်းထဲမှာတော့ လက်ချင်းတွဲပြီး မြင့်မြတ်တဲ့ ရိုးရာပွဲသီချင်းတွေကို ဆိုပြီး ကတဲ့သူတွေလည်း ပါပါတယ်။

ဒီရိုးရာသီချင်းဟာ ကိုင်ဝီးပွဲမှာမိုးလင်းတဲ့ အထိ ဆိုရတဲ့ သီချင်းပါ။ သီချင်းစာသားတွေဟာ နာဂလူမျိုး ဖြစ်ပေါ်လာပုံ၊ နေနဲ့လရဲ့ ဒဏ္ဍာရီ၊ ငါးတွေ အကြောင်း၊ ဖန်ဆင်းရှင်ဂါး အကြောင်းတွေ သာမက ရပ်ရေး၊ ရွာရေး၊ လူမှုရေး၊ စစ်ရေးတွေပါ ပါဝင်တယ်။ ဒေသဆိုင်ရာ ပုံပြင်တွေလည်း ပါတယ် လို့ ဆိုပါတယ်။ သီချင်းဟာ အစကနေ အဆုံးဆိုလို့ ရသလို အဆုံးကနေ ပြန်ပြီးလည်း စလို့ရတယ် တဲ့။ သီချင်း မပြီးမချင်း ကခုန်တာ ရပ်လို့ မရသလို ဦးငွမ်ပေါက်ရဲ့ မိသားစုက သီချင်း အသွားအလာကို တိုင်ပေးရပါတယ်။ လိုင်းနောင်နာဂတွေ အတွက် ဒီသီချင်းတွေဟာ ဖန်ဆင်းရှင် ဂါးကနေပြီး ပေးခဲ့တဲ့ မြင့်မြတ်တဲ့ အမွေဖြစ်ပြီး မျိုးဆက် တစ်ခုကနေ နောက်တစ်ခုကို ပါးစပ်နဲ့ ဆင့်ကမ်းခဲ့ကြတာပါ။ ဦးငွမ်ပေါက်ရဲ့ မိသားစုဟာ နှစ်စဉ် ကျင်းပတဲ့ ဒီရိုးရာပွဲမှာ သီချင်းကို တိုင်ပေးခဲ့တာ ဆယ်စုနှစ်ကျော်ပါပြီ။ အသက် ရ၈ နှစ် ရှိပြီဖြစ်တဲ့ ဦးငွမ်ပေါက်ဟာ ဒီရှေးခေတ်က လိုင်းနောင်ရိုးရာအစဉ်အလာကို သူ့ရဲ့ သားကို ပြန်ပြီး သင်ပေးနေပါတယ်။ ဒီရှေးခေတ် ရိုးရာအစဉ်အလာတွေဟာ နောက်မျိုးဆက်သစ်တွေ အထိ ဆက်လက် ရှင်သန်ပြီး ဆင့်ကမ်းပေးနိုင်အောင် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

Ngòm Pok’s grandchildren at the family hearth. He has seven children  and grandchildren

“သီချင်းက ၂ မျိုးရှိတယ်။ အပြင်မှာ ဆိုလို့ရတဲ့ သီချင်းမျိုးလည်း ရှိတယ်။ ဒါပေမယ့် အဲဒီလို ‘ကိုင်ဝီး’ ပွဲမှာမှ ဆိုတဲ့ သီချင်း၊ ရိုးရာသီချင်း ဆိုတာကတော့ အရင်တုန်းက အတိုင်းပဲ နတ်တင်ပြီးမှ ဆိုရမယ်။ ဆိုရင်လည်း မိုးလင်းတဲ့ အထိ ဆိုရမယ်” လို့ သူ့အိမ်မှာ လက်ဖက်ရည်သောက်ရင်းနဲ့ ဦးငွမ်ပေါက်က ပြောပါတယ်။ “(ပွဲမှာ) လိုင်းနောင်သီချင်း ဆိုတယ် ဆိုတာ သူတို့သီချင်း ပြောင်းတဲ့ အချိန်မှာ ဘယ်ကို ပြောင်းလို့ ပြောပေးတာ ပေါ့”

 

“သီချင်းကလည်း အဖိုးတို့ (မိသားစု)ပဲ ရတာကိုး။ အဲဒါကြောင့် ရပ်မိရပ်ဖတွေစုပြီး အဖိုးတို့ကိုပဲ လုပ်ခိုင်းတာ” “အဖေက အဖိုးတို့ကို (သီချင်း) ကောင်းကောင်း သင်ပေးခဲ့တယ်။ ဒီအမျိုးပဲ လုပ်လို့ရတာ ဆိုတော့ လက်ဆင့်ကမ်း လာကြတာပေါ့။ အစ်ကိုအကြီး ရှိနေသရွေ့ အစ်ကိုကြီးပဲ ပြောခဲ့တယ်။ အဖေရှိတုန်းကလည်း အဖေပဲ ပြောခဲ့တယ်။ အစ်ကို မရှိတော့ အဖိုးလုပ်နေတာ ၁၀ နှစ်လောက် ရှိပြီ။ အစ်ကို ဆုံးသွားတော့မှ။ “သီချင်းကတော့ လိုင်းနောင်စာ အနေနဲ့ ရေးပြီး သွားပြီ။ အဖိုးက ကူတာပေါ့။ ဒါပေမယ့် ရေးတာက တခြားလူ ရေးတာ”

ပြောပြောဆိုဆိုနဲ့ ဦးငွမ်ပေါက်ဟာ အတွင်းခန်းတစ်ခုထဲကို အမြန်ဝင်သွားပြီး စာအုပ်အသေးလေး တစ်အုပ်ကို ပိုက်ပြီး ပြန်ထွက်လာပါတယ်။ စာအုပ်ကလေးဟာ အောက်တိုဘာ ၂၀၁၁ မှာ ထုတ်ထားတာ ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ (စာအုပ်မှာ ပါတဲ့ အကြောင်းအရာကို ပြန်ရေးပြီးလင့်ခ် ပေးပါမယ်။) စာမတတ်တဲ့ ဦးငွမ်ပေါက် အတွက်ကတော့ သူတို့မိသားစု ထိန်းသိမ်းပေးထားတဲ့ သီချင်းကို မဖတ်နိုင်ပါဘူး။  

A booklet detailing the Kaīvi song, written in bothe English and  Myanmar, was produced in 2011. But the text means little to Ngòm Pok, who  cannot read

“အခုတော့ သားကို (ဒီသီချင်း) သင်ပေးနေတယ်။ သားက အသက် ၃၅ နှစ်လောက် ရှိပြီ”

“ရိုးရာပျောက်မှာကို စိတ်ပူရမယ် ဆိုရင်တော့ လိုင်းနောင်မျိုးနွယ်စု တစ်စုလုံးက ပူရမယ်။ အဖိုး တစ်ယောက်တည်း ပူလို့ ဘယ်ရမလဲ။ အကုန်လုံးက အဖိုးကို ဝိုင်းပြီးတော့မှ အားလုံးက ထိန်းသိမ်းရမယ်” “အဖိုးမှာ ဆေးမှင်ကြောင်လည်း ရှိတယ်။ ရင်ဘတ်မှာ သူရဲကောင်းပုံတွေ ထိုးထားတယ်။ ဟိုးအရင်တုန်းက တစ်ရွာနဲ့ တစ်ရွာ တိုက်ခိုက်ကြတုန်းက လူတစ်ယောက်ကို သတ်ရင် တစ်ယောက်ပုံစံကို ဆေးမှင်ကြောင် ထိုးတယ်။ အဲဒီသဘောပေါ့။ အဖိုးတို့ အလှည့်မှာတော့ မရှိတော့ဘူး” “ဒီခါးပတ်ကတော့ ရိုးရာပွဲပေါ့။ နှစ်သစ်ကူးပွဲတွေမှာ ဝတ်တာ။ အမျိုးသားတွေပဲ ဝတ်တာ။ သားအတွက်ဝယ် ထားတာ။ ကိုယ်တိုင် မဝတ်ဘူး”

Ngòm Pok wears a traditional belt, his prized possession

“အဖိုးမှာ ဆေးမှင်ကြောင်လည်း ရှိတယ်။ ရင်ဘတ်မှာ သူရဲကောင်းပုံတွေ ထိုးထားတယ်။ ဟိုးအရင်တုန်းက တစ်ရွာနဲ့ တစ်ရွာ တိုက်ခိုက်ကြတုန်းက လူတစ်ယောက်ကို သတ်ရင် တစ်ယောက်ပုံစံကို ဆေးမှင်ကြောင် ထိုးတယ်။ အဲဒီသဘောပေါ့။ အဖိုးတို့ အလှည့်မှာတော့ မရှိတော့ဘူး” “ဒီခါးပတ်ကတော့ ရိုးရာပွဲပေါ့။ နှစ်သစ်ကူးပွဲတွေမှာ ဝတ်တာ။ အမျိုးသားတွေပဲ ဝတ်တာ။ သားအတွက်ဝယ် ထားတာ။ ကိုယ်တိုင် မဝတ်ဘူး”

“ဒါလေးတွေက ဟိုင်းဟူလို့ ခေါ်တယ်။ ဓားထည့်လို့ ရတဲ့နေရာလည်း ပါတယ်။ ဒါတွေက ဆိတ်မွှေး၊ အလှ ထည့်ထားတာ။ ဒါတွေက ခရုတွေပဲ”

In the Lainong language haihu refers to something that is arranged  beautifully in a row, like teeth

“ဒါလေးတွေက ဟိုင်းဟူလို့ ခေါ်တယ်။ ဓားထည့်လို့ ရတဲ့နေရာလည်း ပါတယ်။ ဒါတွေက ဆိတ်မွှေး၊ အလှ ထည့်ထားတာ။ ဒါတွေက ခရုတွေပဲ”

“အရင်တုန်းက နယ်မြေမအေးချမ်းတဲ့ အချိန်မှာ မျိုးနွယ်စုလိုက် အနေနဲ့ နာဂသူရဲကောင်းတွေပုံ ထည့်ရတယ်”

“အဖိုးက ဝယ်ထားတာ။ ဝယ်ထားတာ ကြာလှပြီ။ ၁ သိန်း ၆ သောင်းပေးရတယ်။ တခြားရွာ ကနေ လာရောင်းတဲ့ အချိန် ဝယ်လိုက်တာ။ ရိုးရာပစ္စည်းဆိုတာ အမြဲတမ်း မရောင်းဘူး။ ခက်ခဲတဲ့ အချိန်မျိုးကျမှ ရောင်းတာ”

Lahe

“အရင်တုန်းက ရွာစတည်တော့ အပေါ်မှာ မွေးတာ။ ဒါပေမယ့် ဒီဘက်ရွှေ့လာတော့ ဒီမှာပဲ ကြီးလာတာ” “လဟယ်က ပြောင်းလဲသွားပြီ။ အရင်တုန်းက မြို့မရပ်ကွက် တစ်ရပ်ကွက်ပဲ လေ။ အခုက လူအင်အားလည်း များလာတော့ တောတွေ တောင်တွေလဲ ပြောင်းလဲသွားပြီ။ အရင်တုန်းကနဲ့ စာရင်တော့ တိုးတက်လာတာပေါ့”

“ပလိုင်းတွေ ဘာတွေက ကလေးတုန်းကတည်းက စပြီး ကျင့်ခဲ့တာ။ ဆော့ရင်းနဲ့ တတ်လာတာပေါ့။ အဖေတို့ အစ်ကိုတို့လည်း လုပ်တတ်တယ်”

“အိမ်မှာ ရှိတာတွေလည်း ကြပ်ခိုးစင်က အစ ကိုယ်တိုင်ရက်ထားတာ။ ထင်းထမ်းတဲ့ ပလိုင်း၊ စပါးထမ်းတဲ့ ပလိုင်း၊ ဆန်ပြာတဲ့ဟာ၊ ငါးဖမ်းတဲ့ဟာ”

“တစ်ခု တစ်ခု ရက်ဖို့ဆိုတာ တစ်ပတ်လောက် အချိန်ပေးရတယ်။ ဘာလို့လဲ ဆိုတော့ သူ့ချည်းပဲ လုပ်တာ မဟုတ်ဘူးလေ။ အားတဲ့ အချိန်ပဲ၊ မနက်ညနေပဲ လုပ်နိုင်တာ။ ကျန်တဲ့ အချိန်က တောင်ယာသွားတာ။ နှီးဖြာတာက ကြာတာ”

“အဖိုး ၂ ခု ၃ ခု ရက်ထားတယ် ဆိုရင် မလုပ်တတ်တဲ့ သူတွေက လာဝယ်ကြတယ်။ အခု သိပ်မလုပ်တတ်ကြ တော့ဘူး။ ကောင်းကောင်း လုပ်တတ်တဲ့ ရွာတွေ ရှိသေးတယ်။ ဒါပေမယ့် ၂ နာရီလောက်ဝေးတယ်။ လာရောင်းကြတယ်။ ဒါပေမယ့် လာရောင်းတဲ့သူ မရှိရင် ဝယ်ဖို့ တခြားနေရာ မရှိဘူး”

“သားက နှီးဖြာပေးနိုင်သရွေ့၊ ကိုယ့်မျက်စိ ကောင်းသရွေ့ ဆက်လုပ်သွားဖို့ စိတ်ကူးရှိတယ်။ မျက်မှန်တွေ ဘာတွေ ဘာမှ မတပ်ဘူး။ ။”

 

(၂၀၁၆ ဧပြီတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)