"အရင်တုန်းကလို ကြောက်ခေတ်ကို ပြန်မရောက်ချင်တော့ဘူး"

"အရင်တုန်းကလို ကြောက်ခေတ်ကို ပြန်မရောက်ချင်တော့ဘူး"

Myitkyina

 မြစ်ကြီးနားက အသက် ၂၇ နှစ် ရွယ် အမျိုးသမီးဟာ ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်က အမှောင်မိုက်ဆုံးအချိန်များ အကြောင်းကို သူ့မိဘအဖိုးအဖွားတွေဆီကနေ ကြားဖူးခဲ့ပါတယ်။ ဆန္ဒပြပွဲများအတွက်သူမ၏မျှော်လင့်ချက်နှင့်စိုးရိမ်မှုများအကြောင်း လေတံခွန်ပုံပြင်များကို ပြောပြထားပါတယ်။ 

ကျွန်မက ဘာကြောင့်မို့ဒီprotest မှာ CDM မှာ ပါရသလဲဆိုတဲ့ အကြောင်းရင်း ကတော့ ပထမဦးဆုံး အမှန်တကယ် ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရပဲ လိုချင်တယ် ပေါ့နော်။ အခုထိန်းသိမ်းခံထားရတဲ့ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ပထမဦးဆုံး လွှတ်ပေးစေချင်ပါတယ်။ ပြီးလို့ရှိရင် ကျွန်မတို့ စစ်မှန်တဲ့ ဒီမိုကရေစီ ရလာတဲ့ နောက်မှာတော့ ကျွန်မတို့ ဒီ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကို ဖျက်သိမ်းပြီးတော့ ပြည်သူလူထုလက်ကနေ ဆင်းသက်လာတဲ့ အခြေခံဉပဒေ ရရှိဖို့ ရည်ရွယ်ချက်နဲ့ ပါဝင်တာပါ။ 

မြစ်ကြီးနားက မြစ်ကမ်း

ဒီဖွဲ့စည်းပုံအခြေခံဉပဒေကို မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစုတိုင်း နိုင်ငံသားတိုင်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူညီမျှမှုတွေ၊ လွတ်လပ်မှုတွေ၊ တရားမျှတမှုတွေ ပြီးရင် ဖွံ့ဖြိုးတိုးတက်မှုတွေကို အာမခံချင်းပေးနိုင်တဲ့၊ အမြဲတမ်းပြောနေတဲ့ ပင်လုံကတိကဝတ်မှာ အခြေခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ဇောင်းပေးတဲ့ အခြေခံဉပဒေပဲ လိုချင်ပါတယ်။ 

အရင်တုန်းကလို ကြောက်ခေတ်ကို ပြန်မရောက်ချင်တော့ဘူး။ အခုဆို ကျွန်မတို့ ညရော နေ့ရော အမြဲစိတ်ထောင်း ကိုယ်ကျေနဲ့ ကျွန်မတို့တွေ ဒီ ပင်ပန်းနေရတယ်။ အရင် က ကြောင်ခေတ်ကို ပြန်ရောက်သလိုပဲ။ အဖေတွေ အမေတွေ အဖိုးတွေ အဖွားတွေ အမြဲပြောဖြစ်တဲ့ ခေတ်ကို ပြန်မရောက်ချင်တဲ့ အတွက်။ ဘာလူ့အခွင့်အရေးမှ မရှိတဲ့၊ စစ် အာဏာရှင်စနစ် ကို ပြန်မရောက်ချင်ဘူး။  

ဒီမှာ အရင်ကနဲ့ မတူတာကတော့ IT revolution လဲဖြစ်လာတယ်။

ဒီမှာ အရင်ကနဲ့ မတူတာကတော့ IT revolution လဲဖြစ်လာတယ်။ အဲဒါက ကျွန်မတို့အတွက် အားသားချက်လို့လဲပြောလို့ရတယ် အားနည်းချက်လို့လဲပြောလို့ရတယ်။ ဘာလို့အားသားချက်လို့ပြောလဲဆိုရင် အရင်တုန်းကလို information တွေ တစ်ယောက်တစ်ယောက် ချိတ်ဆက်တာတွေ အင်မတန်မှ လွယ်ကူလာတယ်။ တစ်ခုခု အကြမ်းဖက်မှုတွေ လုံခြုံမှု မရှိတာတွေ ဖြစ်လာပြီဆိုရင်လည်း မှတ်တမ်းယူဖို့ အင်မတန်မှ လွယ်ကူတယ်။ အရင်ကနဲ့မတူတဲ့ အားသာချက်က civic education လို့ခေါ်တဲ့ နိုင်ငံသားတိုင်း သိသင့်တဲ့ နိုင်ငံရေးပညာတွေ၊ ရှုထောင့်စုံနဲ့ကြည့်တာ၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ပူးပေါင်းပါဝင်ရမယ့် citizen obligation, right and duty ကို သေသေချာချာ သိလာတဲ့ နိုင်ငံသားတွေ အရမ်းများလာတယ်။ ဒါတွေကတော့ အရင်က အရေးအခင်းတွေနဲ့ မတူတာတွေပေါ့။ 

တစ်ဖက်မှာတော့ အားနည်းချက်က ဘယ်ဟာက အဖြူ ဘယ်ဟာက အနီဆိုတာ ခွဲခြားဖို့ အရမ်းခက်ခဲသွားတယ်။ Manipulate လုပ်ဖို့ သွေးခွဲဖို့ tools တွေလည်း အရမ်းများသွားတာပေါ့။ Hate speech လုပ်ဖို့ သတင်းမှားတွေ ဖြန့်ဖို့ကလည်း အရမ်းလွယ်သွားတာပေါ့နော်။ 

မိုးချုပ်သွားရင်တော့ မြစ်ကြီးနားအရပ်ခံ တွေဟာ ညမှာဖမ်းဆီးတာတွေကို ကြောက်လန့်နေရပါတယ်။

ကချင်ပြည်နယ်မှာ ပါတီတစ်ခု အဖွဲ့အစည်းတစ်ခု အတွက်မဟုတ်ဘဲ ပြည်သူလူထုဟာ ရာချီပြီး လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။ အဲဒီမှာ စစ်တပ်က ရဲတွေနဲ့ ပူးပေါင်းပြီး ကျွန်မတို့ကို ပိတ်ပင်တာတွေ အများကြီးရှိတယ်။ ထိခိုက်ခံရပြီး ဆေးရုံရောက်သူတွေလည်း အများကြီးရှိတယ်။ ဖမ်းသွားတာတွေရှိတယ်။ ဒီနေ့ ကျောင်းဆရာမ ၂ ဦးကို ရိုက်ပြီး ဖမ်းသွားပြီး မြစ်ကြီးနားမြို့နယ်ပြည်သူ့စျေးနားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေကိုလည်း ဖမ်းသွားတယ်။ မနေ့က ဖမ်းဆီးခံရတဲ့၊ ဘာလက်နက်မှ ကိုင်မထားတဲ့ ပြည်သူတွေဆို သုံးယောက်။ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ချို့တွေ လော် (စပစ်ကာ) တွေဆို သိမ်းသွားတယ်။ 

လေးခွနဲ့ပစ်တယ်။ စစ်ယာဉ်လို့ပြောရမလား အဲဒါတွေလည်းဝဲတယ်။ ကျွန်မက အခု OK ဒါပေမယ့် ခြိမ်းခြောက်လို့ရတဲ့နည်းနဲခြိမ်းခြောက်တယ်။ အကြောက်တရားကို ရိုက်သွင်းနေတာပေါ့။ 

(ဖေဖေါ်ဝါရီ ၁၈ နှင့် ၁၉ တွင်မေးမြန်းခဲ့သည်။ ဆန္ဒပြ ပန်းချီမှာ Art for Freedom (Myanmar) https://www.artforfreedommm.com/#Intro မှဖြစ်သည်။)